Saturday, January 4, 2014

သိစေချင်သည် ထိုမဒီ

ဆက်စီကျတယ်ဆိုပြီး ဖေ့စ်ဘွခ်နဲ့ အွန်လိုင်းမှာ နာမည်ကြီးနေသူတွေထဲမှာ ဘေဘီမောင်လည်း တစ်ယောက်အပါအ၀င်ပါပဲ။ သူနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေကို မေးကြည့်လိုက်တဲ့အခါ ‘အခုလတ်တလော ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ စည်ဖြိုးတို့ ဇေရဲ့ထက်တို့ အောင်ရဲလင်းတို့နဲ့ ရိုက်ဖြစ်တယ။် ပြီးတော့ HIV ပညာပေးဇာတ်လမ်းတိုလေးတွေလဲ ရိုက်ဖြစ်တယ်။ ဘေဘီမောင်က သူငယ်ချင်းခန်းကလွဲရင် ကျန်တာရိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုက်ဖို့လာပြောတဲ့ အခါကျရင် ကိုယ့်အတွက် ပရိသတ်လဲ သတိထားမိမယ်။ နေရာလေးလဲရမယ် ဆိုရင် ရိုက်ပါတယ်။ ပြီးတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ရှိုးပွဲတွေလဲ လျှောက်ဖြစ်တယ် ပြက္ခဒိန်တွေလဲ ရိုက်ဖြစ်တယ။် အခုရိုက်နေရတာကတော့ စည်ဖြိုးနဲ့မော်ဒယ်လ်တွေအများကြီးနဲ့ပေါ့။ အားလုံးပေါင်း ၉ယောက်လောက်ပါတယ်။ အဲဒီထဲမှာ ညီမက တက်တူးဆွဲပြီး အလန်းပဲပေါ့။ နိုင်ငံခြားက ပြန်လာတယ်။ အဲဒါကိုစည်ဖြိုးက သူ့ရဲ့ရည်းစားနဲ့မှားတဲ့ပုံစံလေးပေါ့ ။ 

ကားနာမည်က တက်တူးနှင့်သူဧ။်ချစ်သူများတဲ့။ ဒီကားလေးကို လက်ခံဖြစ်တာက ရေလဲကူးရတယ်။ ကိုယ့်ရဲ့အလှတွေကိုလဲ ဖော်ထုတ်ခွင့်ရတယ်ဆိုတော့ ညီမ ကာရိုက်တာနဲ့လိုက်တယ်လေ။ ပရိသတ်လဲကြိုက်ကြမှာပါ။ အဓိကက အလှအပတွေကို ပြသခွင့်ရတဲ့အတွက် ကိုယ့်ရဲ့ရှိတဲ့ အလှတွေက ဒီကားမှာပြခွင့်ရတဲ့အတွက် ပရိသတ်တွေကြိုက်ကြမှာပါ။ အခုက ၂၀၁၄ လဲရောက်လာပြီဆိုတော့ ကိုယ့်ရဲ့ အနုပညာတွေကို ပရိသတ်အတွက် တတ်နိုင် သလောက်ချပြရမှာပေါ့။ အရင်ကလိုမဟုတ်တော့ဘူး။ ကားရိုက်တွေဆိုပိုစိတ်ဝင်စားလာတယ်။ အရင်ကဆို လာငှားရင်တောင် လုပ်ရဲပါ့မလားဆိုတဲ့အတွေးနဲ့မလုပ်ဖြစ်ဘူး။ ကြာလာတဲ့အမျှ အလုပ်အကြောင်းတွေကို ပိုပြီးသိလာတယ်ပေါ့။ ညီမကို စသိသွားတာကတော့ ဖေ့စ်ဘွခ်ပေါ့။ သူ့ကြောင့်လဲ ကိုယ့်အလှတရားကို ဖော်ထုတ်လို့ရတယ။် အဲဒါကြောင့်မို့လူ ပိုသိသွားတာပါ။ ညီမရဲ့ ချစ်သူကတော့ ဒီအနုပညာလောကထဲကပါပဲ’လို့ သူမအကြောင်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါတယ်။

Monday, May 13, 2013

မုန်တိုင်းအတွက်သတင်းတခွက်


မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ





မုန်တိုင်း သတိပေးချက်ရရင် ဆောင်ရွက်ရမယ့် အချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။
၁။ ရေဒီယိုဖွင့်ပြီး သတင်းကို နားထောင်ပါရန်။
၂။ ငါးဖမ်းထွက်ခြင်း၊ ရေလမ်းခရီးထွက်ခြင်းမှာ ရှောင်ကြဉ်ပါရန်။
၃။ သောက်ရေ၊ ဆေးဝါးနဲ့ ချက်လွယ် ကျက်လွယ်သော ရိက္ခာ ၇ ရက်စာတို့ကို အသင့် ပြင်ဆင်
ထုပ်ပိုးထားပါ။
၎။ လက်နှိပ်ဓာတ်မီးနဲ့ ဖယောင်းတိုင် အသင့်ထားပါ။
၅။ အရေးကြီး စာရွက်စာတမ်းများကို ရေစိုခံအိတ်ထဲတွင် ထည့်ထားပါ။
၆။ စပါး၊ ပဲကဲ့သို့ မျိုးစေ့များကို ပလတ်စတစ်အိတ်မှာ လုံခြုံအောင်ထည့်ပြီး ကုန်းမြေမြင့် တနေရာ
တွင် မြေမြှုပ်ပါ။
၇။ အိမ်နဲ့ အမိုး ခိုင်ခံ့ပါက ထိုအိမ်တွင်သာ ခိုလှုံပါ။
၈။ ရေလွှမ်းမိုးမည်ဟု ထင်ရသောနေရာမှ မုန်တိုင်းခိုနေရာများသို့ ကျွဲ၊ နွားများနဲ့ အတူ အလျင်အ
မြန် ပြောင်းရွှေ့ပါ။
၉။ မိသားစုများ တဦးစီ ကွဲသွားသည်အခါ ပြန်ဆုံတွေ့နိုင်မည် နေရာ ကြိုတင် သတ်မှတ်ထားပါ။
၁၀။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနဲ့ မကျန်း
မာသူများအား ခိုအောင်းရမည်နေရာသို့ ဦးစားပေး ပို့ဆောင်ပါ။ 
 
မောင်သားကြီး( မေမြို့ )